ချမ်းအေးသာစံ စက်တင်ဘာ ၁၄
မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) မှ (၆၁) နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးကို ချမ်းအေးသာစံမြို့နယ် ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီး၌ စက်တင်ဘာလ ၁၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။
အောက်တိုဘာလ ၁ ရက်နေ့တွင် ကျရောက်မည့် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ကျောင်းအုပ်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်မှ ကြီးမှူးကာ သင်တန်းသား၊ သင်တန်းသူ၊ သန္ဓေတပ်ဖွဲ့ဝင်များမှ စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခဲ့သည်။
စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင် ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးဝင်းအတွင်းရှိ ခြုံနွယ်မြက်များ ရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် အမှိုက်များရှင်းလင်းဖယ်ရှားခြင်းများကို စုပေါင်းလုပ်ဆောင်ခဲ့ကြသည်။ ထိုသို့စုပေါင်းသန့်ရှင်းရေးများ ဆောင်ရွက်ခြင်းကို ရဲအရာရှိအတတ်သင်ကျောင်း (မန္တလေး) ကျောင်းအုပ်ကြီး ရဲမှူးချုပ် မျိုးမင်းထိုက်နှင့် ကုတင် ၅၅၀ ဆံ့ ကလေးဆေးရုံကြီးရှိ ဆေးရုံအုပ်ကြီး ဒေါက်တာဦးမျိုးမင်းတို့မှ လှည့်လည်ကြည့်ရှုခဲ့ကြောင်း သိရှိရပါသည်။
ချမ်းမြေ့မောင်