ချမ်းမြသာစည် စက်တင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ် မြရည်နန္ဒာရပ်ကွက်၊ ၅၄လမ်း၊ ၁၁၃လမ်းနှင့် ၁၁၄ လမ်းကြားရှိ အ.ထ.က(၃၅)ကျောင်းခန်းမတွင် မဲပေးစက်အသုံးပြု၍ မဲပေးခြင်းဆိုင်ရာ လုပ်ငန်းစဥ်များကို မဲဆန္ဒရှင်ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားကို ယနေ့နံနက် ၉:၃၀ နာရီတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမျိုးလွင်မှ မဲဆန္ဒရှင် ပြည်သူများအား ရွေးကောက်ပွဲဆိုင်ရာကျင်းပမည့် လုပ်ငန်းစဉ်များ၊ မြန်မာအီလက်ထရောနစ် မဲပေးစက် လုပ်ငန်းဆောင်ရွက်ပုံ အဆင့်ဆင့်တို့ကို ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ ဒုတိယဦးစီးမှူး ဒေါ်သိမ့်သိမ့်ဆွေက မြို့နယ်မြန်မာအီလက်ထရောနစ် မဲပေးစက် (MEVM) နှင့်ပတ်သက်၍ Power Point ဖြင့် ရှင်းလင်းပြသခဲ့သည်။ ဆက်လက်ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) စက်အသုံးပြု၍ မဲပေးပုံနည်းစနစ်များအား လက်တွေ့ရှင်းလင်းပြသခဲ့ရာ တက်ရောက်လာကြသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်ဖြင့် တစ်ဦးချင်း ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့သည်။
အဆိုပါ အခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသက်ဆွေဦး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်(၁) ဗိုလ်မှူးထွန်းဇံဖြူ၊ အဖွဲ့ဝင်(၂) ဦးတင်ထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးမျိုးလွင်နှင့် မြို့နယ်/ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၁၁၀၀) ဦး တက်ရောက်ခဲ့ကြသည်။
ချမ်းမြေ့