ပုဂံပလတ်စတစ်ကမ်ပိန်းအဖွဲ့သားများ စုပေါင်းပလတ်စတစ်ကောက်ခြင်းများ ဆောင်ရွက်

ညောင်ဦး စက်တင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း စနေနေ့တိုင်း စုပေါင်းပလတ်စတစ် အမှိုက်ကောက်ခြင်းကို ယနေ့ နံနက် ၆ နာရီခွဲအချိန်က စတင်ကောက်ယူခဲ့ကြောင်း သိရသည်။

Baganplastic Campaign အဖွဲ့သားများ ဦးဆောင်သော ပလတ်စတစ်ကမ်ပိန်းအဖွဲ့သားများသည် ရွှေစည်းခုံဘုရားကြီး ကားရပ်နားဝင်းပတ်ပတ်လည်မှ စတင်ကာတောင် ဘက်စောင်းတန်းတစ်လျှောက်နှင့် ပုဂံမြို့ဟောင်းသွားရာလမ်းဘေးတစ်လျှောက်မှ ဝက်ကြီးအင်းချောင်းအထိ Baganplastic Campaign အဖွဲ့သားနှင့်အတူ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန(ပုဂံဌာနခွဲ)၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ Balloon အဖွဲ့သားများ၊ စားသောက်ဆိုင်လုပ်ငန်းရှင်များ အသင်းအဖွဲ့အသင်းသားသူများ၊ ဟိုတယ်လုပ်ငန်းရှင်များ အသင်းသူအသင်းသားများ၊ပါဝင်၍ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ ပလတ်စတစ်ကင်းစင်ရေး စုပေါင်းပလတ်စတစ်အမှိုက်များ ကောက်ယူကာစနစ် တကျကောက်ယူခဲ့ကြောင်း သိရသည်။

ဒီပါလင်း