ဒဂုံအရှေ့ စက်တင်ဘာ ၁၃
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးခြင်းလုပ်ငန်းများနှင့် Biometric ကောက်ယူခြင်း လုပ်ငန်းများကို မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများတွင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး ယနေ့နံနက်ပိုင်းက ရပ်ကွက်/ ကျေးရွာများသို့မြေပြင် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိသည်။
ဆက်လက်၍ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ဝင်းထွန်းနှင့် ဝန်ထမ်းများက အဖွဲ့များခွဲကာ အမှတ် ၇၊ ၁၁၊ ၁၅၆၊ ၁၅၇ ရပ်ကွက်များရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ ဆန္ဒမဲပေးခွင့် မဆုံးရှုံးစေရေးအတွက် အသက်(၁၆-၁၈) ကြား၊ နိုင် မရှိသူများ၊ အသက် ၁၈ နှစ်အထက် နိုင်ငံသားစိစစ်ရေးကတ်မရှိသူများ၊ အိမ်ထောင်စုမရှိဘဲ ပုံစံအလွတ်ဖြင့် ကောက်ယူလာသူများ၊ ရွှေ့ပြောင်းနေထိုင်သူများအား ပန်းခင်းစီမံချက် အဆင့်(၃)ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း၊ အငြိမ်းစား(ဝန်ထမ်း)များနှင့် ရပ်ကွက်နေ ပြည်သူများအား Biometric ကောက်ယူခြင်းလုပ်ငန်းများကို ပါဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အေးမဉ္ဇူ