သန်လျင် စက်တင်ဘာ ၁၃
ပြည်ထဲရေးဝန်ကြီးဌာန၊ မီးသတ်ဦးစီးဌာန၊ သန်လျင်ခရိုင်မှ ကြီးမှုးဖွင့်လှစ်ခဲ့သော ခရိုင်အဆင့် ရှာဖွေကယ်ဆယ်ရေးသင်တန်း(၆/၂၀၂၅)ဆင်းပွဲကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက်တွင် သန်လျင်မြို့ရှိ ခရိုင်မီးသတ်ဦးစီးဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။
အစီအစဉ်အရ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်လွင်ဦးက သင်တန်းဆင်းအမှာစကားပြောကြားပြီး ထူးချွန်ဆုရရှိသူများနှင့် သင်တန်းသား သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များ ပေးအပ်ချီးမြှင့်သည်။
အဆိုပါသင်တန်းသို့ သန်လျင်ခရိုင်အတွင်းရှိ လူမှုပရဟိတအသင်းများမှ သင်တန်းသားသင်တန်းသူများက ခရိုင်အတွင်း သဘာဝဘေးအန္တရယ်ဖြစ်ပွားလာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန် စက်တင်ဘာ (၁) ရက်မှ (၁၂) ရက်နေ့ထိ နည်းပြများက စာတွေ့ လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
ဖြိုးသီဟ (သန်လျင်)