သံဖြူဇရပ် စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ သံဖြူဇရပ်၌မွန်ပြည်နယ်ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နှင့် ဟိတဓရဖောင်ဒေးရှင်းတို့မှ ကြီးမှူးကျင်းပသည့် ကလေး အထူးတရားပွဲကို စက်တင်ဘာ ၁၂ ရက်မွန်းလွဲပိုင်းက အ-လ-က(ခွဲ)စက်သစ် ကျောင်း၌ ပြုလုပ်သည်။
ဦးစွာ အခမ်းအနားကိုနမောတသ သုံးကြိမ်ရွတ်ဆိုဘုရားကန် တော့၍ဖွင့်လှစ်ပေးပြီး၊ မွန်ပြည်နယ် မော်လမြိုင်မဟာမြိုင်ပရိယတ္တိ စာသင်တိုက်မှ ပ သုံးလုံး ပြည်တွင်းပြည်ပ သာသနာပြု(၁၅)ဘွဲ့ရ ဘဒ္ဒန္တဝိမလာဘိဝံသ(ဟိတဓရ)ဆရာတော်ထံမှ ငါးပါးသီလခံယူ၍ သြကာသကန်တော့ချိုးဖြင့်ပူဇော်ကန်တော့ပြီး၊ ဆရာတော်မှ ကျောင်းသားကျောင်းသူများအား (၃၈)ဖြာမင်္ဂလာတရားတော်နှင့်အညီ လိမ္မာယဥ်ကျေး တရားဒေသနာ ကလေးအထူးတရာပွဲပြုလုပ်ပေးပြီး၊ လှူဒါန်းမှုအစုစုတို့အတွက် ဆရာတော်ဘုရားထံမှ ရေစက်သွန်းချအမျှပေးဝေပြီး အခမ်းအနားကို ဗုဒ္ဓသာသနံ စိရံတိဌတု သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားရုပ်သိမ်းကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)