မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB Mobile Team) အစီအစဥ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်

မိုင်းနောင် စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့ ပြည်သူ့ဆေးရုံတွင် မိဘပြည်သူများအား (TB Mobile Team) စနစ်ဖြင့် တီဘီရောဂါ ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းများကို ယနေ့နံနက် (၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

တောင်ကြီးမြို့ အဆုပ်ရောဂါအထူးကုဆရာဝန်မကြီး ဒေါက်တာအိအိချော ဦးစီးသောအဖွဲ့နှင့် မိုင်းနောင်ပြည်သူ့ဆေးရုံမှ တာဝန်ခံ ဒေါက်တာဝေယံစိုးနှင့် ဆရာ၊ ဆရာမများ၊ ဝန်ထမ်းများ၊ တိုက်နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာနမှ တာဝန်ခံဆရာမများက မိဘပြည်သူများအား ကျန်းမာရေးစစ်ဆေးပေးခြင်း၊ အဆုပ်နှင့်ပတ်သက်သည့် ရောဂါလက္ခဏာများ ရှိ/မရှိ (Digtal X Ray) စက်ကြီးဖြင့် စမ်းသပ်စစ်ဆေးခြင်းများကို (အခမဲ့)ဆောင်ရွက်ပေးကြောင်း သိရှိရသည်။

တီဘီရောဂါ လက္ခဏာများ ရှိ/မရှိစမ်းသပ်စစ်ဆေးသည့်နေရာသို့ မိုင်းနောင်မြို့အတွင်းရှိ၊ ဌာနဆိုင်ရာများ၊ မြိုပေါ် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ဒေသခံတိုင်းရင်းသားများက လာရောက်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မိုးသောက် (မိုင်းနောင်)