တွံတေးမှ လှိုင်သာယာသွား တမာတကောကျေးရွာအနီးတွင် quick win စီမံချက်နင့်အညီ စည်းကမ်းပျက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များအား စစ်ဆေး

တွံတေး စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်၊ တွံတေမှ လှိုင်သာယာသွား တမာတကောကျေးရွာအနီးတွင် quick win စီမံချက်နင့်အညီ စည်းကမ်းပျက် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်များ စစ်ဆေးရေးယူခြင်းကို ယနေ့နံနက် (၉)နာရီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် တွံတေးမှ လိူင်သာယာသွား တမာတကောကျေးရွာအနီးတွင် quick win စီမံချက်နင့်အညီ စည်းကမ်းပျက်၊ မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များ စစ်ဆေးအရေးယူခြင်း၊ ယာဉ်လမ်းနှင့်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်ကမ်းစာစောင် (၅၅)စောင်ကို ဖြန့်ဝေပေးခဲ့ပြီး အိပ်ဇောဖွင့်ယာဉ်များနှင့် လိုင်စင်မဲ့မော်တော်ယာဉ်မော်တော်ဆိုင်ကယ်များ ရှာဖွေစစ်ဆေး​ခြင်းကို ပူး​ပေါင်းအဖွဲ့ဖြင့် ယာဉ်အန္တရာယ်ကင်းရှင်း​ရေးအတွက် ယာဉ်စည်းကမ်းလမ်းစည်းကမ်း အသိပညာ​ပေးခြင်းနှင့် စစ်ဆေးခြင်းလုပ်ငန်းများ ​ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မျိုးလှိုင်(တွံတေး)