သုံးခွ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုချီးမြှင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က အ.ထ.က (၁) အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အ.ထ.က(၁) ကျောင်းသား၊ ကျောင်းသူလေးများက "ပညာရည်ချွန် လူရည်မွန်” သီချင်းဖြင့် ဧည့်ခံဖျော်ဖြေကြသည်။ ထို့နောက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခေတ္တဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းစောဝေက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာရေးမှူး ဒေါ်စန်းစန်းဌေးက ဆုချီးမြှင့်ပွဲအခမ်းအနား ပြုလုပ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုဆုများကို တာဝန်ရှိသူများက ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြပြီး အ.ထ.က(၂) ကျောင်းသား၊ ကျောင်းသူလေးများက "ပညာရေးဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကြီးတည်ဆောက်အံ့ သီချင်းဖြင့် ကပြသီဆိုဖျော်ဖြေခဲ့ကြောင်း သိရသည်။
၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် (၄)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၃)ဘာသာဂုဏ်ထူးရှင် (၃)ဦး၊ (၂)ဘာသာဂုဏ်ထူးရှင် (၁၆)ဦး၊ (၁)ဘာသာဂုဏ်ထူးရှင် (၂၄)ဦး ပေါ်ထွက်လာခဲ့ပါဖြင့် ယနေ့ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။
စည်သူလင်း(ပြန်/ဆက်)