သန်လျင်မြို့နယ် ကျေးလက်နေပြည်သူများအား (အခမဲ့) ကျန်းမာရေးစောင်ရှောက်မှုပေးခြင်းဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၃

သန်လျင်ခရိုင် သန်လျင်မြို့နယ်၌ ကျေးလက်နေပြည်သူများအား(အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို စက်တင်ဘာ ၁၂ ရက်နေ့ မွန်းလွဲပိုင်းက လက်ယက်စမ်းကျေးရွာ၌ ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် သန်လျင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်း ဦးဆောင်သောကျန်းမာရေးဝန်ထမ်းများက ကျန်းမာရေးအသိပညာပေးဟောပြောကာ ပြည်သူများအား အကြားအာရုံစမ်းသပ်ခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)