သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်၊ သီတာလမ်း၌ဆေးမှုတ်ခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ရန်ကုန် စက်တင်ဘာ ၁၃

သန်လျင်ခရိုင် သန်လျင်မြို့နယ် ဒါရ်ကာရပ်ကွက်၊သီတာလမ်း၌ သွေးလွန်တုပ်ကွေးရောဂါပိုး တွေ့ရှိလူနာများ၏ နေအိမ်ဝန်းကျင်၌ဆေးဖြန်းခြင်းလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်ခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစံလင်းဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက  သွေးလွန် တုပ်ကွေးရောဂါဖြစ်ပွားနေသည့် နေအိမ်များနှင့် နေအိမ်ဝန်းကျင်တို့၌ ခြင်ဆေးဖျန်းခြင်း၊ ရေတွင်း၊ ရေကန်များ၊ ခြင်ပေါက်ပွားနိုင်သည့်နေရာများ၌ ခြင်ပေါက်ပွားမှုမရှိစေရေးအတွက် (ဖုံး၊ သွန်၊ လဲ၊ စစ်) လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ခြင်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဖြိုးသီဟ(သန်လျင်)