စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု စာပေဟောပြောပွဲ၊ ပြိုင်ပွဲများ ကွမ်းခြံကုန်းမြို့နယ်၌ကျင်းပ

ကွမ်းခြံကုန်း  စက်တင်ဘာ ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအဖြစ် စာပေဟောပြောပွဲ၊ စာစီစာကုံးပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲ ပုံပြင်ပြော ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့်ဂိမ်းကစားပြိုင်ပွဲများကို စက်တင်ဘာ ၁၃ ရက်နေ့ က ရန်ကုန်တိုင်း ဒေသကြီး တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ အ-ထ-က (၁) ကျောင်း သီရိရတနာခန်းမ၌ ကျင်းပခဲ့သည်။

ဦးစွာ အ-ထ-က (၁) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများက ဘက်စုံပညာကိုရည်တို့  လှမ်းချီ သီချင်းဖြင့်  အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး    မြို့နယ်စီမံခန့်ခွဲရေးနှင့်  အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်  ဦးရဲတင့်က အဖွင့်အမှာစကားပြောကြားခြင်းနှင့် မြို့နယ်ပညာမှူးအမှာစကားပြောကြားပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်နန့်ဆွေနွယ်ဦးက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်များအား ပြောကြားခဲ့သည်။

ဆက်လက်၍  မြို့နယ်စာရေးဆရာဥက္ကဋ္ဌ  ဦးစံရွှေ (တင်မောင်ထက်)  ကွမ်းခြံကုန်းက စာဖတ်ပါ၊ စာသင်ကြပါ ခေါင်းစဉ်ဖြင့်ဟောပြောခဲ့ပြီး ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ စာစီစာကုံးပြိုင်ပွဲနှင့်ဂိမ်းကစားပြိုင်ပွဲများ ဆက်လက်ကျင်းပရာအလယ်တန်းအဆင့်၊ အထက်တန်းအဆင့်

ကျောင်းသား၊ ကျောင်းသူလေးများ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဦးစံရွှေအား ဂုဏ်ပြုလက်ဆောင်များပေးအပ်ခြင်းနှင့်ပြိုင်ပွဲများတွင် ပထမ၊  ဒုတိယ၊ တတိယဆု ရရှိသူများကို  တာဝန်ရှိသူများက  ဆုများအသီးသီးပေးအပ်ခဲ့သည်။  ဆက်လက်၍   အ - ထ - က (  ၁  ) ကျောင်းဆရာမကြီး  ဒေါ်ခင်သန်းဆင့်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ  ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်/စာစောင်များကို   တက်ရောက်လာသော  ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊   မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊    ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများမှ လေ့လာကြည့်ရှုကြကြောင်း သိရသည်။

ဆွေနွယ်(ပြန်/ဆက်)