မင်္ဂလာဒုံ စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ယမန်နေ့နံနက် (၉)နာရီမှ ညနေ (၃)နာရီအထိ ကုန်းတလပေါင်းကျေးရွာအုပ်စု၊ ပျဉ်းမပင်ကျေးရွာအုပ်စုရှိ သတ်မှတ်စုရပ်နေရာများအသီးသီး၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ သတ်မှတ်စုရပ်နေရာများဖြစ်သော က္ကုစ္ဆာပုဏ္ဏဓမ္မာရုံ၊ တန့်ကြည့်တောင်ဘုရား၊ ရွှေပြည်အေးသီတဂူမျက်စိဆေးရုံခန်းမတို့၌ မဲဆန္ဒရှင်ပြည်သူများဖြစ်သည့် ကုန်းတလပေါင်းကျေးရွာအုပ်စုမှ (၃၃၃၆)ဦး၊ ပျဉ်းမပင်ကျေးရွာအုပ်စုမှ (၂၆၃၉)ဦးတို့အား ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ကြီးကြပ်သူအရာရှိများနှင့် တာဝန်ရှိသူများက အသိပညာပေးရှင်းလင်းပြောကြားခဲ့ပြီး မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခြင်းကို ကျေးရွာနေ မဲဆန္ဒရှင်ပြည်သူများနှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ် ပူးပေါင်းပါဝင်ဆောင်ရွက် ပေးကြကြောင်း သိရသည်။
မင်းသိန်းထွန်း