လင်းခေး၌မြို့နယ်ပညာရေးမှူးဖလားအခြေခံကျောင်း ပေါင်းစုံ(U-13/U-15)ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့်ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

လင်းခေး စက်တင်ဘာ ၁၃

မျိုးဆက်သစ် ထူးချွန်အားက စားသမားများမွေးထုတ်နိုင်ရန်၊ ကျန်းမာကြံ့ခိုင်ပြီး စိတ်ဓာတ်ကောင်းမွန်သည့် ကျောင်းသားကျောင်းသူများပေါ်ထွက်လာစေရန်၊ ရွက်ပုန်းသီး အားကစားသမားများ ပေါ်ထွက်လာစေရန်၊Team Work/Group Work လုပ်ငန်းများတွင် အများနှင့်ဆက်သွယ် ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်မှု အားကောင်းလာစေရန်နှင့် ကောင်းမွန်သော နိုင်ငံကြီးသားပီသမှုစိတ်ဓာတ်(Good Citizenship)ရင့်သန်လာစေ ရန်ရန်ရည်ရွယ်လျက် ရှမ်းပြည်နယ်(တောင်ပိုင်း) လင်းခေးခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနနှင့်အခြေခံပညာ ဦးစီးဌာနတို့ပူးပေါင်း၍ မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ(U-13/U15) ဘောလုံးပြိုင်ပွဲဗိုလ်လုပွဲနှင့်ဆုချီး မြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာ ၁၂ ရက်နေ့ ညနေ ၄ နာရီက မြို့နယ်ပြည်ငြိမ်းအေးအားကစားကွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနား မစတင်မီ ကျောင်းသားကျောင်းသူများက ဘင်ခရာပန်းပွားအကနှင့် ရှမ်းတိုင်းရင်းသားအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။ ဆက်လက်၍ တပ်နယ်(လင်းခေး)မှတပ်နယ်မှူး၊ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူတို့က ပြိုင်ပွဲဆုရရှိခဲ့ကြသူများအား ငွေသားဆု၊တံ ဆိပ်ဆုနှင့်ဖလားဆုများ အသီးသီးချီးမြှင့်ပေးအပ်ခဲ့ကြပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

ပိတ်ပွဲနေ့(U-13)ဗိုလ်လုပွဲစဥ် အဖြစ်နားကုန်းအသင်းနှင့် တောင်ရွာအသင်းတို့ယှဥ်ပြိုင်ကစားရာ နားကုန်းအသင်းက()ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး၊ (U-15)ဗိုလ်လုပွဲစဥ်အဖြစ် လင်းခေးအ--က နှင့် ဝမ်ဟတ် အ--ကအသင်းတို့ ယှဥ်ပြိုင်ကစားခဲ့ကြရာ လင်းခေး အ--ကအသင်းက()ဂိုးဖြင့် အနိုင်ရဗိုလ်စွဲသွားခဲ့ကြောင်း သိရသည်။

စိုင်းဇော်လတ်(လင်းခေး)