မြောက်ဥက္ကလာပမြို့နယ် အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ဒုတိယအကြိမ် အာဟာရကျွေးမွေးခြင်း ဆောင်ရွက်

မြောက်ဥက္ကလာပ စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ KG ကျောင်းသား၊ ကျောင်းသူများအား    ဒုတိယအကြိမ် အာဟာရကျွေးမွေးခြင်းလုပ်ငန်းကို အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ စက်တင်ဘာလ (၁၁)ရက်နေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ အာဟာရကျွေးမွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူးဦးဆောင်သော ကျန်းမာရေးဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ မိဘဆရာအသင်းဝင်များနှင့်အတူ အမှတ်(၁) အခြေခံပညာမူလတန်းကျောင်းရှိ KG ကျောင်းသား/သူများအား အာဟာရအုပ်စု (၅)စုအား ရှင်းလင်းပြောကြားခြင်း၊ အာဟာရကျွေးမှု မပြုလုပ်မီလက်ဆေးခြင်း၊ အာဟာရမှုန့်နှင့် ထမင်းရောကျွေးခြင်း၊ အစာစားပြီးချိန်တွင် လက်ဆေးခြင်းတို့ကို ပြုလုပ်ခြင်းလုပ်ငန်များအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး(ပြန်/ဆက်)