ကျိုင်းတုံမြို့၌ မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord  ကြော်ငြာဆိုင်းဘုတ်စိုက်ထူ

ကျိုင်းတုံ  စက်တင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ကျရောက်သည့် မြန်မာနိုင်ငံလူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord ကြော်ငြာဆိုင်းဘုတ်စိုက်ထူခြင်းကို စက်တင်ဘာ ၁၃ ရက်နေ့ နံနက် ၉ နာရီက အမှတ် (၃)ရက်ကွက် လေယာဉ်ကွင်းလမ်း၊ မြို့တော်ခန်းမရှေ့တွင် တာဝန်ရှိသူများက စုပေါင်းစိုက်ထူခဲ့ကြသည်။

အသိပညာပေး Bill Bord  ကြော်ငြာဆိုင်းဘုတ်စိုက်ထူပွဲသို့ ပြည်နယ်၊ ခရိုင်၊ မြို့နယ်ဌာနဆိုင်ရာများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် အမှတ်(၁၈)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (ကျိုင်းတုံ)၊ တပ်ဖွဲ့စုမှူးဒုတိယရဲမှူး စိုးဝင်းနှင့်တပ်ဖွဲ့ဝင်များ၊  လူမှုရေးအသင်းအဖွဲ့များ၊ ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့များ၊ ဒေသခံတိုင်းရင်းသားပြည်သူများစုပေါင်း၍ ၂၀၂၅ ခုနှစ်၊ မြန်မာနိုင်ငံ လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေး Bill Bord  ကြော်ငြာဆိုင်းဘုတ် စုပေါင်းစိုက်ထူကြသည်။

ထို့နောက်  အမှတ်(၁၁)တပ်မတော်တန်းမြင့်လေ့ကျင့်ကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးဆက်အောင်၊ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးတင်လင်း၊ ပြည်နယ် ဒုတိယရဲတပ်ဖွဲ့မှူး(ကျိုင်းတုံ) ရဲမှူးကြီး နေမျိုးထွဋ်တို့က မြန်မာနိုင်ငံလူကုန်ကူးမှု တိုက်ဖျက်ရေး နေ့အထိမ်းအမှတ် အသိပညာပေး Bill Bord  ကြော်ငြာဆိုင်းဘုတ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ အဆိုပါ အသိပညာပေး Bill Bord  ကြော်ငြာဆိုင်းဘုတ်တွင် “လူကုန်ကူးမှုတိုက်ဖျက်ဖို့ ခေါင်းပုံဖြတ်မှုအဆုံးသတ်စို့” ဆောင်ပုဒ်နှင့် ပြည်သူများအနေဖြင့် လူကုန်ကူးမှုကိစ္စရပ်များကို သံသယရှိပါက ဆက်သွယ်တိုင်းကြားနိုင်သည့် ဖုန်းနံပါတ်များ ဖော်ပြပါရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)