၂၀၂၅ - ၂၀၂၆ ကျောက်တန်းမြို့နယ်၌  အခွန်ဆိုင်ရာအသိ ပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်တန်း စက်တင်ဘာ ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် တည်ဆဲအခွန်ဥပဒေများအရ လိုက်နာဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့်စပ်လျဥ်း၍ အခွန်ဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၀ နာရီက ကျောက်တန်းမြို့ ( မြို့မ) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားတွင် အခမ်းအနားတွင်  ကျောက်တန်း မြို့နယ် စီမံ ခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့၀င် ဦးခိုင်ထွန်းဆွေမှ အဖွင့်အမှာစကားပြောကြားကာ မြို့နယ်အခွန်ဦးစီးဌာနမှူး ဦးစောရွှေကျော်က ပြည်တွင်းအခွန်ဦးစီးဌာနအနေဖြင့် နိုင်ငံတော်အတွက်ရသင့် ရထိုက်သည့် အခွန်ဘဏ္ဍာငွေများကောက်ခံရာတွင်  အခွန်ထမ်းပြည်သူများအနေဖြင့် ပြဌာန်းထားသည့်တည်ဆဲအခွန်ဆိုင်ရာ ဥပဒေများသိရှိပြီး ပေးဆောင်ရမည် အခွန်များကိုကြည်ဖြူစွာ ပေးဆောင်ရန်နှင့်အခွန်ဆိုင်ရာဗဟုသုတများ သိရှိလာစေရန်အတွက် အခုလိုအသိပညာပေးဆွေးနွေး ပွဲပြုလုပ်ရခြင်း ဖြစ်ကြောင်းရှင်းလင်းပြောကြားခဲ့သည်။

အခမ်းအနားကို အခမ်းအနားတွင် ကျောက်တန်းမြို့နယ်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့၀င်များ၊ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင် အခွန်ထမ်းပြည်သူများတက်ရောက်ခဲ့ကြပြီး တက်ရောက်လာသောလုပ်ငန်းရှင်ပြည်သူများမှ သိရှိလိုသည်များကို ဖြေကြားပေးခဲ့ကြောင်း သိရသည်။

နေလင်းကျော် (ပြန်/ဆက်)