ဘီးလင်း စက်တင်ဘာ ၁၃
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ စက်တင်ဘာ (၁၃)ရက်နေ့တွင် ကျရောက်မည့် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဟောပြောပွဲတွင် ဘီးလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ ကျောင်းသူများအား လူကုန်ကူးမှု၏အဓိပ္ပာယ်၊ လူကုန်ကူးခံရနိုင်သည့် အကြောင်းရင်းနှင့် လူကုန်းကူးသူများ ကျခံရမည့် ပြစ်မှု၊ ပြစ်ဒဏ်များအကြောင်းကို အသိပညာပေးဟောပြောခဲ့သည်။
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများအား စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲများ ကျင်းပပြုလုပ်ပေးခဲ့ပြီး လူကုန်ကူးမှုတိုက်ဖျက်ရေး အသိပညာပေး နံရံကပ်စာစောင်များနှင့် စာအုပ်၊ စာစောင်များကို ပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူလေးများက စိတ်ပါဝင်စားစွာ လိုက်လံကြည့်ရှုခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)