ပုဇွန်တောင် စက်တင်ဘာ ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေး လေ့လာခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနှင့် တာဝန်ရှိဌာနဆိုင်ရာများ ပူးပေါင်း၍ ယမန်နေ့နံနက် ၁၀ နာရီက အမှတ် (၁၀)ရပ်ကွက်ရှိ အမှတ်(၄) အခြေခံပညာမူလတန်းကျောင်း တေဇခန်းမတွင် ကွင်းဆင်းပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။
ရှေးဦးစွာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်သူမှ အဖွင့်အမှာစကားပြောကြားခြင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်မေဖြိုးခိုင်မှ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေပြဋ္ဌာန်းချက်မှ ပြစ်မှု၊ ပြစ်ဒဏ်များကို ရှင်းလင်းပြောကြားခြင်း၊ MEVM သင်တန်းနည်းပြ ဦးအောင်နိုင်ဦးမှ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ကာ တက်ရောက်လာကြသည့် အမှတ်(၁၀)ရပ်ကွက်ရှိ မဲဆန္ဒရှင်ပြည်သူများမှ စိတ်ပါဝင်စားစွာ လက်တွေ့စမ်းသပ်မဲ ပေးခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်