အောင်မြေသာစံ စက်တင်ဘာ ၁၃
ကျောင်းသားလူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်နှင့်ပြည့်စုံသော လူငယ်လူရွယ်များဖြစ်ပေါ်စေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်နှင့် မင်းမြန်မာကိုယ်ပိုင်အထက် တန်းကျောင်းတို့ပူးပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းခန်းမတွင် ကျင်းပဆောင်ရွက်သည်။
ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဆွေက အဖွင့်အမှာစကားပြောကြားရာတွင် အနာဂတ်လူငယ်များ အသိပညာဗဟုသုတ ဖွံ့ဖြိုးတိုးတက်ရေး၊ ထက်မြက်ပြည့်စုံသောလူငယ်များဖြစ်လာစေရန် ကြိုးစားကြစေလိုကြောင်းပြောကြားပြီး မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်စံပယ်က လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့်စာပေအသိပညာ ဗဟုသုတ တိုးပွားစေရေးအတွက် စာဖတ်သည့်အလေ့အကျင့်များဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။ ထို့နောက် စာရေးဆရာမ ဒေါ်ခင်စိမ်းဝင်း(မေဝတီ)က လူငယ်နှင့်စာရိတ္တခေါင်းစဉ်ဖြင့် ဟောပြောသည်။
ဟောပြောပွဲအပြီးတွင် မင်းမြန်မာကိုယ်ပိုင်အထက်တန်းကျောင်း ကျောင်းအုပ်ဆရာကြီး ဦးတင်ကိုကိုက ကျေးဇူးတင်စကားပြောကြားပြီး လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲတွင် ပါဝင်ဆောင်ရွက်သူများအားဂုဏ်ပြုလက်ဆောင် ပစ္စည်းများနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲများ ကျင်းပနိုင်ရေး အလှူငွေများပေးအပ်လှူဒါန်းကြောင်း သိရသည်။
မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)