မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အကြောင်းရှင်လင်းပွဲ နှင့်လက်တွေ့သရုပ်ပြ၊ စမ်းသပ်မဲပေးပွဲပြုလုပ်

အောင်မြေသာစံ စက်တင်ဘာ ၁၃

မန္တလေး၊အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးရန်လုံရပ်ကွက်၊ အကွက်(၆၂)၊ ၈၆လမ်း၊ ၁၆လမ်းထောင့်ရှိ သစ်လွင်ဓမ္မာရုံ၌ စက်တင်ဘာလ ၁၂ ရက်နေ့ နံနက် ၉ နာရီခွဲက မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက ဦးဆောင်၍ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အကြောင်းရှင်လင်းပွဲနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသန်းကြွယ်၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးကံဌေး၊မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထက်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ပြည်ကြီးရန်လုံရပ်ကွက်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းမင်းသန်း၊ အတွင်းရေးမှူး ဦးမိုးဦးလွင်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမိုးသန်းဦးနှင့်ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူ ၄၂၃ ဦး၊ မေဃဂီရိရပ်ကွက်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဒေါ်အေးအေးခိုင် အတွင်းရေးမှူး ဒေါ်သင်းသီရိစံနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဒေါ်စိုးစိုးနိုင်နှင့်ရာအိမ်မှူးများ၊ ရပ်ကွက်နေပြည်သူ ၃၁၀ ဦးတို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးသန်းကြွယ်က အဖွင့်အမှာစကားပြောကြာပြီး၊ မြို့နယ်ရွေးကောက်ပွဲအရာရှိ ဦးဇော်ထက်က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)နှင့်ပတ်သက်၍ အသုံးပြုကိုင်တွယ်ပုံတို့အားရှင်းလင်းပြောကြားသည်။

ထို့နောက်တက်ရောက်လာကြသော ရပ်ကွက်နေပြည်သူများက လက်တွေ့သရုပ်ပြ၊ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(အောင်စံ၊ပြန်/ဆက်)