လှိုင်သာယာအနောက် စက်တင်ဘာ ၁၃
အင်းစိန်ခရိုင်၊လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲမှ အမျိုးသားယဥ်ကျေးမှုစရိုက်လက္ခဏာများ ထိန်းသိမ်းစောင့်ရှောက်ရေး၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သော ဆေးဝါးအန္တရာယ်အသိပညာပေးဟောပြောပွဲကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက် ၁၁ နာရီက လှိုင်သာယာ (အနောက်ပိုင်း) အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်း “နတ်ရှင်နောင်” ခန်းမတွင်ပြုလုပ်သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဦးမြင့်ဇော်၊ အ.ထ.က ကျောင်းအုပ်ဆရာမကြီး ဒေါ်နှင်းနှင်းခိုင်၊ မြို့နယ်အမျိုးသမီးရေးရာဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးတာဝန်ရှိသူများ၊ ဆရာ/ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ကြသည်။
ဦးစွာ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ကျော်သက်ထားဝင်းက အသိပညာပေးဟောပြောပွဲ ပြုလုပ်ရခြင်းရည်ရွယ်ချက်နှင့်ပတ်သက်၍အဖွင့်အမှာစကားပြောကြားသည်။
ထို့နောက်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်လှလှဆင့်က အမျိုးသားယဥ်ကျေးမှု စရိုက်လက္ခဏာများထိန်းသိမ်းစောင့်ရှောက်ရေးခေါင်းစဥ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ ဒုရဲအုပ်ဇော်ဇော်ဦးက မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေနိုင်သောဆေးဝါးအန္တရာယ်အကြောင်းအသိပညာပေးဟောပြောကာ သိရှိလိုသည်များကို ကျောင်းသား၊ ကျောင်းသူများက မေးမြန်းခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)