ရန်ကင်း စက်တင်ဘာ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး (Kaeru Caravan) အစီအစဉ်အား စက်တင်ဘာ ၈ ရက် နံနက်ပိုင်းက NIEC ကိုယ်ပိုင်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ရန်ကင်းမြို့နယ်၊ အမှတ် (၁၃)ရပ်ကွက်၊ ဓမ္မာရုံလမ်း၊ အမှတ်(၂၇)ရှိ NIEC ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား မီးဘေးနှင့်သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး (Kaeru Caravan) အစီအစဉ်အား ဆောင်ရွက်ခဲ့ရာ ကျောင်းသား၊ ကျောင်းသူ (၁၀၀)ဦးနှင့် ဆရာ၊ ဆရာမ (၁၀)ဦးတို့က စိတ်ပါဝင်စားစွာ ပါဝင်လေ့လာလေ့ကျင့်ခဲ့ကြကြောင်း သိရသည်။
လှလှထွေး (ပြန်/ဆက်)