မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ်(၄)အခြေခံပညာအလယ်တန်းကျောင်းတွင် သဘာ၀အန္တရာယ်နှင့် မီးဘေးအန္တရာယ်ကာကွယ်ရေး အသိပညာ‌ပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသ

မြောက်ဥက္ကလာပ စက်တင်ဘာ ၁

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်ရှိ အမှတ် (၄) အခြေခံပညာအလယ်တန်းကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ ရရှိစေရန်အတွက် သဘာ၀ဘေးအန္တရာယ်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြောခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါကျောင်းတွင် ပြုလုပ်ခဲ့သည်။

ဦးစွာ အမှတ် (‌‌၄) အခြေခံပညာအလယ်တန်းကျောင်းအုပ်ဆရာကြီး ဦးဖုန်းနိုင်က အမှာစကားပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး ဦးစည်သူမျိူးက မီးဘေးအန္တရာယ်ကာကွယ်ရေးဆိုင်ရာစနစ်များ၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး မီးသတ်ဉပဒများ၊ နည်းပဒေများ၊ မီးသတ်ဆေးဘူးသုံးစွဲနည်းများနှင့် ငလျင်ဘေးတွင် ရှာဖွေကယ်ဆယ်ရေးဆောင်ရွက်မှုများ၊ အင်အားပြင်းငလျင်လှုပ်ခတ်ခဲ့မှုနှင့် ပတ်သတ်၍ ကြိုတင်ကာကွယ်ရမည့် အကြောင်းအရာများအား အသိပေးဟောပြောပေးခဲ့သည်။ ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သိင်္ဂီပြည့်ဖြိုးက သဘာ၀ဘေးအန္တရာယ်များနှင့် ပတ်သတ်၍ ဆောင်ရန်၊ ဆောင်ရန်များအား အကျယ်တ၀င့်အသိပေးဟောပြောပေးခဲ့သည်။ ယင်းနောက် မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့၀င်များက အမှတ် (‌‌၄) အခြေခံပညာအလယ်တန်းကျောင်းရှိ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများအာ ရှေးဦးမီးငြိမ်းဆေးဘူးဖြင့် မီးငြိမ်းသတ်ပုံများ၊ အ၀တ်စိုဖြင့် မီးငြိမ်းသတ်မှုများ၊ မီးငြိမ်းသတ်ပုံအမျိုးမျိုးတို့အား ကျောင်းသား၊ သူများ ကိုယ်တိုင်ပါ၀င်လက်တွေ့လေ့ကျင့်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး (ပြန်/ဆက်)