မင်္ဂလာဒုံ စက်တင်ဘာ ၁၂
ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံခရိုင် မင်္ဂလာဒုံမြို့နယ်တွင် မဲဆန္ဒရှင်ပြည်သူများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) နှင့် ပတ်သက်၍ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို စက်တင်ဘာ ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိ မင်္ဂလာဒုံဈေးရပ်ကွက်၊ ပြန်လည်နေရာချထားရေးရပ်ကွက်၊ ပြည်တော်သာရပ်ကွက်ရှိ သတ်မှတ်စုရပ်နေရာများအသီးသီး၌ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါသတ်မှတ်စုရပ်နေရာများဖြစ်သော အ.ထ.က (၅)၊ သီတာရုံဘုန်းကြီးကျောင်း၊ ဇေယျမင်္ဂလာစာသင်တိုက်၊ ပြည်တော်သာ(၈)လမ်း ဓမ္မာရုံတို့၌ ရပ်ကွက်နေမဲဆန္ဒရှင် ပြည်သူများအား ရွေးကောက်ပွဲနှင့်ပတ်သက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များ၊ ကြီးကြပ်သူအရာရှိများနှင့် တာဝန်ရှိသူများက အသိပညာပေးရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မင်္ဂလာဒုံဈေးရပ်ကွက်မှ ပြည်သူ(၃၂၇၃)ဦး၊ ပြန်လည်နေရာချထားရေးရပ်ကွက်မှ ပြည်သူ(၅၄၆၁)ဦး၊ ပြည်တော်သာရပ်ကွက်(၁၇၃၅ဦးတို့က မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် လက်တွေ့စမ်းသပ်မဲပေးခဲ့ခြင်းကို ရပ်ကွက်နေမဲဆန္ဒရှင်ပြည်သူများနှင့်အတူ သက်ဆိုင်ရာဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက အနီးကပ်ကြီးကြပ်ပူးပေါင်းပါဝင်ဆောင်ရွက်ကြကြောင်း သိရသည်။
မင်းသိန်းထွန်း