မင်္ဂလာဒုံမြို့နယ်၌ ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးနှင့် ကဗျာပြိုင်ပွဲ ကျင်းပ

မင်္ဂလာဒုံ စက်တင်ဘာ ၁၂

၂၀၂၅ ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့ဆရာများနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် ကဗျာပြိုင်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ အမှတ်(၄)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူ‌ရေးအထက်တန်းကျောင်း၌ စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီက ကျင်းပပြုလုပ်သည်။

ပြိုင်ပွဲများဆောင်ရွက်ရာတွင် အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ၌ “ဆရာ့ဂုဏ်ရည်”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်စာစီစာကုံးပြိုင်ပွဲတွင် “မြတ်ဆရာ” ခေါင်းစဉ်ဖြင့်လည်းကောင်းကျင်းပပြုလုပ်ရာ ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးခန့် ပါဝင်ယှဉ်ပြိုင်ကြပြီး ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးသန့်နှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုအားပေးကြကာ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးသည်။

ထို့နောက် မွန်းလွဲ ၁ နာရီတွင် ကဗျာပြိုင်ပွဲကို ဆက်လက်ကျင်းပမည်ဖြစ်ရာ အထက်တန်းအဆင့်ကဗျာပြိုင်ပွဲ၌ “ပညာပြည့်ဝနှလုံးလှ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့်ကဗျာပြိုင်ပွဲ၌ “ထာဝရအလင်းရှင်” ခေါင်းစဉ်ဖြင့်လည်းကောင်း ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးက  ပါဝင်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း သိရသည်။

မင်းသိန်းထွန်း