မိုင်းခုတ်မြို့၌ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း သရုပ်ပြပွဲကျင်းပ

မိုင်းခုတ် စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၌ ယနေ့နံနက် ၁၀ နာရီက အမှတ်(၂)ရပ်ကွက်ရှိ မြို့မတပ်ဦးဘုန်းတော်ကြီးကျောင်းနှင့် အမှတ်(၃၈၇)အမြှောက်တပ်ရင်းရှိ ဘုရင့်နောင်ခန်းမတို့တွင် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) အကြောင်း အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးသရုပ်ပြခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်ဦးဆောင်သော အဖွဲ့ဝင်များက မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့်ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်နိုင်စေရန် အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် သရုပ်ပြခြင်းကို မိုင်းခုတ်မြို့ပေါ်(၃)ရပ်ကွက်နှင့် ကျေးရွာအုပ်စုများမှ ပြည်သူဦးရေ (၄၀၀) ခန့်အား လည်းကောင်းဆက်လက်၍ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးအောင်တင်ဝင်းဦးဆောင်သော အဖွဲ့ဝင်များက အမှတ် (၃၈၇) အမြောက်တပ်ရင်းရှိ ဘုရင့်နောင်ခန်းမ၌ နယ်မြေခံတပ်ရင်း (၃)ရင်းမှ တပ်ရင်းတပ်ဖွဲ့နှင့် တပ်ရင်းမိသားစုဝင် (၁၅၀)ဦးခန့်အား လက်တွေ့ သရုပ်ပြ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

သရုပ်ပြဆောင်ရွက်ခြင်း အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအားလွန်က အမှာစကားပြောကြားပြီး မဲပေးစက်ဆိုင်ရာ လုပ်ငန်းစဥ်များအကြောင်းကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခင်သန္တာအောင်(ပြန်/ဆက်)