လဲချား စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများအား ယမန်နေ့နံနက် ၉ နာရီမှ စတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိပါသည်။
ထိုသို့ထောက်ပံ့ငွေများ ထုတ်ပေးရာတွင် လဲချားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား ၉၇ ဦးအတွက် စုစုပေါင်းကျပ် ၅၇၃၀၀၀၀၀(ငါးဆယ့်ခုနှစ်သိန်းသုံးသောင်းကျပ်တိတိ/-) ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးက ကြီးကြပ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)