ပုံပါကျင် စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ ပုံပါကျင်မြို့ အခြေခံပညာအထက်တန်းကျောင်းဝန်း၌ ကျောင်းကောင်စီဖလားဘောလုံးပြိုင်ပွဲတွင် ဆုချီးမြှင့်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ အားကစားသမားများက ကျောင်းကောင်စီသီချင်းသံပြိုင်သီဆိုခြင်း၊ နိုင်ငံတော်အလံအား အလေးပြုခြင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ထို့နောက် ကျောင်းအုပ်ဆရာကြီး ဦးဇော်လှိုင်ထွန်းက ကျောင်းအကျိုးတော်ဆောင်မိဘများနှင့် ဘောလုံးပွဲဖြစ်မြောက်ရေးအတွက် ပံ့ပိုးကူညီပေးကြသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရှိရသည်။
အဆိုပါ အထကကျောင်း၏ ကျောင်းကောင်စီအသင်းအလိုက် ဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲတွင် ကျား၊ မ အားကစားသမားအသင်းမှ ကျားဘောလုံးပြိုင်ပွဲတွင် ကျန်စစ်သားအသင်းမှ ပထမဆုကိုလည်းကောင်း၊ အနော်ရထာအသင်းမှ ဒုတိယဆုကိုလည်းကောင်း အလောင်းဘုရားအသင်းမှ တတိယဆုကိုလည်းကောင်း ဆွတ်ခူးရရှိပြီး၊ မဘောလုံးပြိုင်ပွဲတွင် အနော်ရထာအသင်းမှ ပထမဆုကိုလည်းကောင်း၊ ကျန်စစ်သားအသင်းမှ ဒုတိယဆုကိုလည်းကောင်း တတိယဆုကို ဗန္ဓုလအသင်းမှလည်းကောင်း ဆုများအသီးသီးရရှိခဲ့ကြပြီး တာဝန်ရှိသူများက ဆုတံဆိပ်နှင့် ဒိုင်းဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြကာ အခမ်းအနားကို အားကစားသမားများက အားကစားသီချင်းသံပြိုင်သီဆိုခြင်းဖြင့် ပိတ်သိမ်းခဲ့ကြောင်း သိရသည်။
အိအိဖြိုး(ပြန်/ဆက်)