ကျောက်ဆည် စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် စက်တင်ဘာ ၁၂ ရက်နေ့ နံနက်(၁၀)နာရီက ၂၀၂၅ ခုနှစ် စက်တင်ဘာလ (၁၆)ရက်နေ့တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာနေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ ပန်းချီပြိုင်ပွဲများကို “အိုဇုန်းလွှာကာကွယ်ရေးသိပ္ပံပညာဖြင့် တစ်ကမ္ဘာလုံး မြှင့်တင်ဆောင်ရွက်ပေး” ဆောင်ပုဒ်ဖြင့် ကျင်းပခဲ့ကြောင်း သိရသည်။
ပြိုင်ပွဲတွင် ကျောက်ဆည်ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးသီဟက ပြိုင်ပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး ခရိုင်ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက ပြိုင်ပွဲ စည်းကမ်းချက်များကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ပြိုင်ပွဲကို ဆက်လက်ကျင်းပခဲ့ရာ ကျောက်ဆည်မြို့နယ် အခြေခံပညာကျောင်းများမှ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ ကျောင်းသူ(၂၀)ဦး၊ မူလတန်းအဆင့် ပန်းချီ ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ(၂၀)ဦးတို့ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲတွင်ဆုရကျောင်းသား၊ ကျောင်းသူများအား စက်တင်ဘာလ(၁၆)ရက်နေ့တွင် ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ကျင်းပမည့် ကမ္ဘာ့အိုဇုန်းလွှာ ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အခမ်းအနားတွင် ဆုများ ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်းသိရသည်။
စုစုအေး(ကျောက်ဆည်)