နမ့်စန်မြို့တွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသွေးလှူဒါန်း

နမ့်စန်() စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် နမ့်စန်ခရိုင် ရဲတပ်ဖွဲ့ကဦးစီး၍ စုပေါင်းသွေးလှူဒါန်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲကဆောင်ရွက်ခဲ့သည်။

မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် အမှတ်(၄)ရပ်ကွက်ရှိ အမှတ်(၈)တပ်မတော်စစ်ဆေးရုံ(၈/၁၀၀)၌ နမ့်စန်ခရိုင်ရဲတပ်ဖွဲ့နှင့် မြို့နယ်ရဲတပ်ဖွဲ့တို့မှ ရဲတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်စုစုပေါင်း (၈)ဦးက စုပေါင်းသွေးလှူဒါန်းခဲ့ပြီး အဆိုပါ သွေးလှူဒါန်းနေမှုကို နမ့်စန်ခရိုင် ရဲတပ်ဖွဲ့မှူးရုံးမှ လုံခြုံရေးတပ်ခွဲမှူး ရဲမှူးသက်စိုးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးခဲ့ကာ အားဖြည့်အစားအစာများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)