နမ့်စန်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲ(လွယ်ယင်း)ကျောင်းတွင် လူငယ်ရေးရာအသိပညာပေးဟောပြော၍ ရွေ့လျားစာကြည့်တိုက် ဆောင်ရွက်

နမ့်စန်(တ) စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်းဆောင်ရွက်သည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ နေ့လယ် ၂ နာရီက လွိုင်ယဲကျေးရွာအုပ်စု၊ တိုင်းကောင်ကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်းခွဲ(လွယ်ယင်း) တွင် ဆောင်ရွက်ခဲ့သည်။

ဦးစွာ အထက-ခွဲ(လွယ်ယင်း)ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က အဖွင့်အမှာစကားပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဥမ္မာအောင်က သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် “လူငယ်နှင့်စာဖတ်ခြင်း” ခေါင်းစဉ်ဖြင့် အသိပညာပေးပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကိုက “လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်အားကစား”ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြော၍ ကျောင်းသား၊ ကျောင်းသူများအတွက် အားကစားပစ္စည်းများပေးအပ်ခဲ့ရာ ကျောင်းအုပ်ဆရာကြီး ဦးဝင်းကြိုင်က လက်ခံရယူခဲ့သည်။

ထို့နောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဆရာ/ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများကို ရွေ့လျားစာကြည့်တိုက်စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခြင်း၊ စာဖတ်ဝိုင်းဆောင်ရွက်ခြင်း၊ ကိုယ်ကာယလှုပ်ရှားမှုနှင့် ဉာဏ်စမ်းဂိမ်းပြိုင်ပွဲများဆောင်ရွက်ပေး၍ မူးယစ်ဆေးဝါးအန္တရာယ်၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး၊ စာဖတ်ခြင်း၏အကျိုးကျေးဇူးနှင့် အခြားအသိပညာပေးနံရံကပ်စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။

သူရအောင်(နမ့်စန်)