ရပ်စောက် စက်တင်ဘာ ၁၂
ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) သင်တန်းဆင်းပွဲကို ယနေ့နံနက် ၈ နာရီက ရပ်စောက်မြို့နယ် ဗထူးတပ်မြို့ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း စစ်ရေးပြကွင်း၌ကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်း၊ တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် နိုင်ဝင်းအောင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲတွင် တပ်မတော်(ကြည်း)ဗိုလ်သင်တန်းကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲ အကောင်ဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှုအကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကတိသစ္စာခံယူခဲ့ကြသည်။
ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၄၈) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းဆင်းသင်တန်းသားများက ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြောင်း သိရသည်။
အလားတူ ယနေ့နံနက် ၈ နာရီက တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်း စစ်ရေးပြကွင်း၌လည်း ပြည်သူ့စစ်မှုထမ်းသင်တန်းအမှတ်စဉ် (၁၄) ဆင်းပွဲပြုလုပ်ခဲ့ရာ ရှမ်းပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံ၊ တပ်မတော်(ကြည်း) အမှတ် (၁) အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီးဗိုလ်မှူးကြီး ကျော်သူလှိုင်နှင့် တပ်နယ်မှအရာရှိများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းစိုးနိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် ပြည်သူ့စစ်မှုထမ်းသင်တန်းသားများ တက်ရောက်ခဲ့ကြသည်။
သင်တန်းဆင်းပွဲအခမ်းအနားတွင် တပ်မတော်(ကြည်း) အမှတ်(၁)အရာခံနှင့်အကြပ်ကြီးသင်ကျောင်းမှ ကျောင်းအုပ်ကြီးက စံပြတပ်သားဆု၊ လက်ဖြောင့်ထူးချွန်ဆု၊ စစ်မြေပြင်အင်ဂျင်နီယာထူးချွန်ဆု၊ ချေမှုန်းရေးအကောင်းဆုံးတပ်စိတ်ဆု၊ စစ်သည်တော်ကျင့်ဝတ်ဆု၊ တပ်စိတ်တိုက်ပွဲအကောင်ဆုံးတပ်စိတ်ဆု၊ အိပ်ဆောင်ခင်းကျင်းမှု အကောင်းဆုံးဆုများ ပေးအပ်ချီးမြှင့်ခဲ့ပြီးနောက် ကတိသစ္စာခံယူခဲ့ကြသည်။ ထို့နောက် ပြည်သူ့စစ်မှုထမ်းသင်တန်းသား (၅၀၈) ဦးအား သင်တန်းဆင်းမိန့်ခွန်းပြောကြားပြီး သင်တန်းဆင်းသင်တန်းသားများက ကျောင်းအုပ်ကြီးအား စစ်ကြောင်းပုံစံဖြင့် ချီတက်အလေးပြုခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)