မိုင်းယန်း စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)အသုံးပြုခြင်းဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ဟောကန်ရပ်ကွက်အတွင်းရှိ မြို့နယ်အားကစားခန်းမ၌ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် မိုင်းယန်းခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလင်းသန့်က အဖွင့်အမှာစကားပြောကြားရာတွင် လွတ်လပ်၊ တရားမျှတပြီး ပွင့်လင်းမြင်သာမှုရှိသည့် ရွေးကောက်ပွဲကြီး အောင်မြင်စွာဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံ့ဝန်ထမ်းပီသစွာဖြင့် ကျရာကဏ္ဍများမှ တာဝန်ကျေပွန်စွာ ဆောင်ရွက်ကြရန်ပြောကြားပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ဇင်ဦးက အမှာစကားပြောကြားသည်။ ထို့နောက် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးစိုင်းဆမ်ကျောက်မှ မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM) အသုံးပြုခြင်းဆိုင်ရာများကို အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများပြုလုပ်ရခြင်းနှင့် ပတ်သက်၍ အသိပညာပေးရှင်းလင်းဟောပြောသည်။ ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသော ခရိုင်/ မြို့နယ်အဆင့်ဌာနဆိုင်ရာ ဝန်ထမ်းများတို့က မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)ဖြင့် စမ်းသပ်မဲပေးခြင်းများကို လက်တွေ့ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး