လဲချားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေများ ထုတ်ပေး

လဲချား စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်တောင်ပိုင်း၊ လဲချားမြို့နယ်အတွင်းရှိ သက်ကြီးဘိုးဘွားများအတွက် ထောက်ပံ့ငွေများအား ယနေ့နံနက် ၉ နာရီမှစတင်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ထောက်ပံ့ငွေများ ထုတ်ပေးရာတွင် လဲချားမြို့နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် ဘိုးဘွား ၉၇ ဦးအတွက် စုစုပေါင်းကျပ် ၅၇၃၀၀၀၀၀(ငါးဆယ့်ခုနှစ်သိန်းသုံးသောင်းကျပ်တိတိ/)ကို လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းမျိုးကကြီးကြပ်၍ မြန်မာ့စီးပွားရေးဘဏ်တွင် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

မြို့နယ်(ပြန်/ဆက်)