မိုးနဲမြို့နယ်၌ မိုဘိုင်း Library စနစ်ဖြင့် စာအုပ် စာစောင်များ အခမဲ့ကွင်းဆင်းငှားရမ်း

မိုးနဲ စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အခြေခံပညာကျောင်းများသို့ မိုဘိုင်း Libraryစနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ကွင်းဆင်း ငှားရမ်းပေးလျက်ရှိရာ ယနေ့နံနက် ၉ နာရီ(ခွဲ)အချိန်က အမှတ်(၃)ပေါ့မိုင်း အခြေခံပညာမူလတန်းကျောင်းသို့ မိုဘိုင်း Library စနစ်ဖြင့် စာအုပ်စာစောင်များ အခမဲ့ ကွင်းဆင်းငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မူလတန်းအဆင့် ကျောင်းသား/သူလေးများနှင့် ကိုက်ညီသည့် ရုပ်ပြစာအုပ်များကို ပြသခဲ့ကြပြီး ကွင်းဆင်းငှားရမ်း လိုက်ခြင်းကြောင်း ကျောင်းသား/သူများ ကျောင်း စာကြည့်တိုက်ရှိ စာအုပ်များအပြင် ပြင်ပစာအုပ် စာစောင်များ လွယ်လင့်တကူ ငှားရမ်းဖတ်ရှုနိုင်ခြင်း၊ ဗဟုသုတအသစ်များ တိုးပွားလာခြင်း၊ ကာယ၊ ဉာဏ၊ စာရိတ္တနှင့် ပြည့်စုံစေခြင်း၊ အားလပ်သောအချိန်ကို စာပေဖတ်ရှုခြင်းဖြင့် အကျိုးရှိစွာ ကုန်ဆုံးနိုင်ခြင်း၊ အသိပညာများကို တစ်ဦးနှင့်တစ်ဦး ပြန်လည်ဖလှယ်နိုင်ခြင်း စသည့်အကျိုးကျေးဇူးများစွာ ရရှိမည်ဖြစ်ကြောင်းနှင့် ကျောင်းစာကြည့်တိုက်သို့ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကာ အပတ်စဉ် လဲလှယ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မိုးနဲမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် စာဖတ်သူတိုးပွားရေး၊ စာကြည့်တိုက်လုပ်ငန်းများ ပိုမိုတွင်ကျယ်လာစေရေး၊ အသင်းဝင်တိုးပွားလာစေရေး အခြေခံပညာကျောင်းများသို့ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့်အပြင် ဖုန်းအသုံးပြုသူများလည်း အသိပညာတိုးပွားလာစေရေး အွန်လိုင်းအသိပညာပေးခြင်းကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိပြီး စာဖတ်ရှိန်မြှင့်တင်ရေး ဟောပြောပွဲများ စာအုပ်ပြပွဲများကိုပါ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဇင်ကိုကို