မြစ်သားမြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာဈေး‌ ‌ရောင်းချ‌ပေး​

မြစ်သား  စက်တင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့မအနောက်ရပ်ကွက်ရှိ မြစ်သားစည် ပင်သာယာဈေးအဝင်ပေါက်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ၏ အနီးကပ်ကြီးကြပ်မှုဖြင့် စည်ပင်သာယာရေးအဖွဲ့မှ စားသောက်ကုန်ပစ္စည်းများ ပြည်သူ့သက်သာ ဈေးရောင်းချခြင်းကို စက်တင်ဘာ  ၁၂ ရက်နေ့ နံနက် (၇)နာရီက ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပြည်သူ့သက်သာဈေးရောင်းချရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထမ်းများ၊ အခြေခံစားသောက်ကုန် ရောင်းချသည့်လုပ်ငန်းရှင်များသည်ပြင်ပပေါက်ဈေး ထက်ဈေးနှုန်းချိုသာစွာ ရောင်းချပေးရာ ဒေသခံပြည် သူလူထုများမှ လာရောက်ဝယ်ယူခဲ့ကြသည်။ ထို့သို့ ရောင်းချရာတွင် ဝက်သား ၁ ပိဿာ ၂၆၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၃၀ ပိဿာအားလည်းကောင်း၊ အမဲသား ၁ ပိဿာ ၂၅၀၀၀ ကျပ်ဖြင့်ပိဿာပေါင်း ၃၀ ပိဿာ အားလည်းကောင်း၊ ဆိတ်သား ၁ ပိဿာ ၂၈၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၀ ပိဿာအားလည်းကောင်း၊ ကြက်သား ၁ ပိဿာ ၂၂၀၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၀ ပိဿာအားလည်းကောင်း၊ ကြက်ဥ ၁ လုံး ၄၀၀ ကျပ်ဖြင့် ၁၅၀၀ လုံးအားလည်းကောင်း၊ သုခရှယ်ဆန် ၁ ပြည် ၃၃၀၀ ကျပ်ဖြင့် (ဆန်ပြည်‌ပေါင်း ၄၈ ပြည်) အားလည်းကောင်း၊ စားအုန်းဆီ ၁ ပိဿာ ၇၆၁၀ ကျပ်ဖြင့် ပိဿာပေါင်း ၁၁၀ ပိဿာအားလည်‌ကောင်း၊ ခရမ်းချဉ်သီး ၁ ပိဿာ ၁၅၀၀ ကျပ်ဖြင့် ပိဿာပေါင်း ၈၀ ပိဿာတို့အား ပြင်ပ‌ပေါက် ဈေးထက်ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့သည်။

အဆိုပါဈေးရောင်းချရာသို့ မြို့နယ်စည်ပင်သာယာရေး အဖွဲ့တာဝန်ရှိသူများမှ ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)