မဟာအောင်မြေ စက်တင်ဘာ ၁၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်တွင် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊သူလေးများက မီးသတ်ဦးစီးဌာနရှိ မီးငြှိမ်းသတ်ရေး ပစ္စည်းများ၊ ရှာဖွယ်ကယ်ဆယ်ရေးသုံးပစ္စည်းများဖြင့်သရုပ်ပြခြင်းများကို စက်တင်ဘာ ၁၂ ရက်နေ့ နံနက်ပိုင်းက နောက်ဆုံးတတိယမြောက်အနေဖြင့် လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်း သိရသည်။
အဆိုပါ လာရောက်လေ့လာကြည့်ရှုမှုကို မဟာအောင်မြေမြို့နယ် မြို့နယ်မီးသတ်ဦးစီးမှူး ဦးညွန့်ဝင်းအောင်ဦးစီး၍ မီးသတ်တပ်ဖွဲ့ဝင်များက နှစ်စဉ်လာရောက်လေ့လာသော LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများအား မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အဆိုပါမီးငြှိမ်းပစ္စည်းများဖြင့် လုပ်ဆောင်ရကြောင်း ရှင်းလင်းပြောကြားပြီးနောက် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ကျောင်းသား၊ ကျောင်းသူလေးများကလည်း ကျောင်းစာအပြင် ပြင်ပဗဟုသုတများနှင့် မီးဘေးအန္တရာယ်သည် မပေါ့ဆသင့်ကြောင်းသိရှိစေရန် LCIS International Preschool ကိုယ်ပိုင်ကျောင်းမှ ဆရာ၊ ဆရာမများက မီးသတ်ဦးစီးဌာနသို့ နှစ်စဉ်လာရောက် လေ့လာလျက်ရှိကြောင်းသိရပြီး မီးသတ်ဦးစီးဌာနမှ တာဝန်ရှိသူများကလည်း လက်တွေ့သရုပ်ပြခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်းသိရသည်။
အောင်ဇော်မင်း