လားရှိုးမြို့ ပြည်သူ့‌ဆေးရုံကြီးတွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

လားရှိုး စက်တင်ဘာ ၁၂

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် (၆၁)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စက်တင်ဘာ ၁၀ ရက်နေ့က ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခဲ့ကြသည်။

စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူး ရဲမှူးကြီးသန့်ဇင်၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီး မြင့်အောင် ၊ အမှတ်(၆) မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ခွဲမှူး ဒုတိယရဲမှူးကြီး သက်ထွန်း၊ လားရှိုးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာလှထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့ ရဲမှူးရဲဝင်း၊ သတင်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးစိုးနိုင်၊  အမှတ်(၂၀) ယာဉ်ထိန်းရဲတပ်ဖွဲ့ ဒုတပ်ဖွဲ့ခွဲမှူး ရဲမှူးမျိုးထိုက် အမှတ်(၁၇)မှုခင်းရဲတပ်ဖွဲ့စု ဒုရဲမှူး လင်းလင်းကို  စုစုပေါင်းတပ်ဖွဲ့ဝင်အင်အား ၁၅၀ ဦးခန့်သည် ဆေးရုံဝင်းအတွင်းရှိ  ခြုံနွယ်များရှင်းလင်းခြင်း၊ ရေဆိုး/ ရေမြောင်းများ ဖယ်ရှားခြင်း၊ အမှိုက်ပုံများရှင်းလင်းခြင်း၊ ဆေးရုံအဆောက်အဦများနှင့် မလွတ်ကင်းသော သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)