ကွန်ဟိန်း စက်တင်ဘာ ၁၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ နမ့်စန်ခရိုင်၊ ကွန်ဟိန်းမြို့တွင် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီက မြန်မာ့စီးပွားရေးဘဏ်တွင် ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထိုကဲ့သို့ ဆောင်ရွက်ရာ၌ ကွန်ဟိန်းမြို့နယ်အတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု(၂၅)ခုတို့မှ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၈၂)ဦးအတွက် တစ်ဦးကိုတစ်လလျှင် ၁၀၀၀၀/-နှုန်းဖြင့် ၂၀၂၅ ခုနှစ်၊ ဧပြီလမှ စက်တင်ဘာလအထိ (၆)လစာနှင့် သက်ကြီးဘိုးဘွား (၈)ဦးအတွက် ဇူလိုင်လမှ စက်တင်ဘာလအထိ လူမှုရေးပင်စင်များကို လူမှုဝန်ထမ်းဦးစီးဌာန၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ကွန်ဟိန်းမြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက်ပိုင်းမှစတင်၍ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)