မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဟောပြောပွဲဆောင်ရွက်

မိုင်းစံ စက်တင်ဘာ ၁၂

ကျောင်းသား၊ ကျောင်းသူများ လူငယ်လူရွယ်များ အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အတွေးအမြင်များ ကျယ်ပြန့်လာစေရန် မိမိတို့သိထားသောဗဟုသုတများကို အချင်းချင်းပြန်လည်မျှ ဝေတတ်စေရန်ရည်ရွယ်ကာ ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းစံမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး  ဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က ဆောင်ရွက်ခဲ့သည်။

အဆိုပါ ဟောပြောပွဲတွင် မိုင်းစံမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်အိဇာချိုက ကလေးအလုပ်သမားပပျောက်ရေးအတွက် ကလေးသူငယ်များ ဗဟုသုတရရှိစေရန် ကလေးအလုပ်သမား၏ အဓိပ္ပာယ်ဖွင့်ဆိုချက်၊ အလုပ်လုပ်ကိုင်နိုင်သော အနိမ့်ဆုံးအသက်အရွယ်၊ ပြစ်မှုပြစ်ဒဏ်များနှင့် ဆက်သွယ်တိုင်တန်းနိုင်သော ဖုန်းနံပါတ်များ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဟောပြောခဲ့သည်။

ထို့နောက် ကလေးသူငယ်များကို ဗဟုသုတရဖွယ် စာအုပ်စာစောင်များ ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အိဇာချို (မိုင်းစံ၊ပြန်ဆက်)