ရမည်းသင်း စက်တင်ဘာ ၁၁
(၆၁)နှစ်မြောက် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသာအားဖြင့် ရမည်းသင်းမြို့ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်းမှ ကျောင်းအုပ်ကြီး ရဲမှူးကြီးဥက္ကာကို ဦးဆောင်၍ အမှတ်(၁) ရဲလေ့ကျင့်ရေးကျောင်း ကွပ်ကဲမှုအောက်ရှိ ရတဖ(၁၈)တွင် ဖွင့်လှစ်သည့် ရဲတပ်သားသစ် သင်တန်းအမှတ်စဉ် ၂၂၉/၂၅ ဗလတပ်ခွဲမှ သင်တန်းသား ၁၂၀ ဦးသည် ၁၀-၉-၂၅ ရက်နေ့ နေ့လယ်ပိုင်းနှင့် ၁၁-၉-၂၅ ရက်နေ့ နေ့လယ်ပိုင်းတို့တွင် နေပြည်တော် အမှတ်(၂)တပ်မတော် စစ်ဆးရုံ ကုတင် (၁၀၀၀)၌ စုပေါင်း သွေးလှူဒါန်းခဲ့ကြရာ ရောဂါဗေဒပါရဂူ ဗိုလ်မှူး မင်းမင်းစိုးမှ ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဖြည့်စွက်စာ ကြက်ဥ၊ ဘီစကစ်မုန့်၊ နို့မှုန့်နှင့် အားဆေးများအား ပြန်လည် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)