ကော့မှူးမြို့နယ် နတ်ရေတွင်းကျေးရွာ၌ အဆင့်မြင့်စက်ချုပ်နှင့် မော်တာနင်းသင်တန်းဖွင့်လှစ်

ကော့မှူး စက်တင်ဘာ ၁၁

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်းရင်းသားအခွင့်အရေးများကာကွယ် စောင့်ရှောက်ရေးဦးစီးဌာနမှကြီးမှူး၍ အဆင့်မြင့်စက်ချုပ်နှင့် မော်တာနင်းသင်တန်းဖွင့်ပွဲအခမ်းအနားကို စက်တင်ဘာ ၉ ရက်နေ့ နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကော့မှူးမြို့နယ်၊ နတ်ရေတွင်းကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူးက ကျေးရွာနေတိုင်းရင်းသားလူငယ်လူရွယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုဘဝမြင့်မားတိုးတက်လာစေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားစေရန် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် အဆင့်မြင့်စက်ချုပ်နှင့် မော်တာနင်းသင်းတန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ လူမှုဝန်ထမ်းဦးစီးဌာနမှ သင်တန်းနည်းပြဆရာမ ဒေါ်သီတာထိုက်ကသင်တန်းနှင့်ပတ်သက်သော ကိစ္စများအားပြောကြားခဲ့ပြီး တက်ရောက်လာသူများ သင်တန်းသူများနှင့်အတူ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အခမ်းအနားသို့ တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောဂျက်ကော့ထူး၊ တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဝင်းထွန်းနိုင်၊ တိုင်းရင်းသားအခွင့်အရေးများ ကာကွယ်စောင့်ရှောက်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဒေါ်ဖြူဖြူဝင်း၊ တိုင်းရင်းသားစာပေနှင့် ယဉ်ကျေးမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးပြည်ဟိန်းနိုင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင် ဦးမြင့်ဦးနှင့် ဌာနဆိုင်ရာများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါသင်တန်းကို ၉-၉-၂၀၂၅ ရက်နေ့မှ ၉-၁၀-၂၀၂၅ ရက်နေ့အထိ (၁)လကြာသင်ကြား ပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ သင်တန်းသူ(၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကျော်သူရ (ကော့မှူး)