ဒလ စက်တင်ဘာ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် အမျိုးသမီးရေးရာအဖွဲ့မှကြီးမှူး၍ဖွင့်လှစ်သော ပန်းကြယ်သီးထိုးသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀:၀၀) နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ အခမ်းအနားတွင် တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦးက အဖွင့်အမှာစကားပြောကြားရာတွင် လက်မှုပညာရပ်များကို ထိန်းသိမ်းမြှင့်တင်ရန်၊ အမျိုးသမီးများအတွက် အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး လူမှုဘဝမြင့်မားတိုးတက်လာစေရန်၊ တစ်ဖက်တစ်လမ်းမှ မိသားစုဝင်ငွေတိုးပွားစေရန် အလုပ်အကိုင်အခွင့်အလမ်းများရရှိရေးအတွက် ပန်းကြယ်သီးထိုးသင်းတန်းအား ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်အားရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ ဒေါ်ချိုချိုက တက်ရောက်လာသောသင်တန်းသူများအား ပန်းကြယ်သီးထိုးနည်းများကို လက်တွေ့သင်ကြားပို့ချပေးခဲ့သည်။
အဆိုပါသင်တန်းသို့ တွံတေးခရိုင်၊ ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ဇာဇာယမင်းဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နုနုထွေးနှင့်အဖွဲ့ဝင်များနှင့် သင်တန်းသူ၊ သင်တန်းသား(၂၀)ဦးတက်ရောက်ခဲ့ပြီး စက်တင်ဘာလ ၁၁ ရက်နေ့မှ ၁၂ ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခင်စန္ဒာမြင့် (ပြန်/ဆက်)