တွံတေးမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာရောက်ရှိနေထိုင်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မျိုး (၁)ပတ်စာထောက်ပံပေးအပ်

တွံတေး စက်တင်ဘာ ၆

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာ ရောက်ရှိနေထိုင်သူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မျိုး (၁)ပတ်စာထောက်ပံပေးအပ်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အုန်းပင်စုရပ်ကွက်၊ မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ တွံတေးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်က အမှာစကားပြောကြားပြီး တွံတေးမြို့နယ်အတွင်းသို့ ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာရောက်ရှိလာသူ (၂၅၂) ဦးအား ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ(၄)မျိုး (၁)ပတ်စာထောက်ပံ့ပေးအပ်ခြင်းကို တွံတေးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးညွှန့်နွယ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့် အဖွဲ့ဝင်များက ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာရောက်ရှိလာသူများအား ဆန်၊ ဆီ၊ ဆား၊ ပဲ ရိက္ခာ (၄)မျိုး (၁)ပတ်စာ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ နေရပ်စွန့်ခွာမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မျိုးလှိုင် တွံတေး