မင်္ဂလာဒုံခရိုင် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

မင်္ဂလာဒုံ စက်တင်ဘာ ၉

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ မင်္ဂလာဒုံမြို့နယ်တွင် ခရိုင်အဆင့် ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ၏ ဒုတိယအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဦးစွာ ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာကြီးကြပ်မှုဆပ်ကော်မတီ  ဥက္ကဋ္ဌ ဦးကောင်းညွန့် က ယခုအစည်းအဝေးခေါ်ယူရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းအမှာစကားပြောကြားပြီး ကော်မတီ၏ အတွင်းရေးမှူး ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများနှင့် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်ရမည့် ရှေ့လုပ်ငန်းစဉ်အချက်(၃) ချက်အား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

ထို့နောက် အစည်းအဝေးသို့ တက်ရောက်လာကြသော ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ချက်များနှင့် ဆက်လက်ဆောင်ရွက်မည့် အချက်(၃)ချက်အပေါ် ပူးပေါင်းပါဝင်ပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သက်ဆိုက်ရာဌာနအလိုက် အသီးသီးဆွေးနွေးတင်ပြခဲ့ကြပြီးနောက် ခရိုင်ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုဆပ်ကော်မတီဥက္ကဋ္ဌက လိုအပ်ချက်များအပေါ် ညှိနှိုင်းပေါင်းစပ်ပြီး လုပ်ငန်းတာဝန် (၂၀)ချက်နှင့်အညီ လုပ်ငန်းလျာထားချက်များကို အောင်မြင်အောင် အကောင်အထည်ဖော်သွားကြရမည်ဖြစ်ကြောင်း နိဂုံးချုပ်အမှာစကားပြောကြားပြီး အစည်းအဝေးကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

မင်းသိန်းထွန်း