မိုင်းဆတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှ မွေးဖွားလာသော အသက်(၂)နှစ်အောက် ကလေးသူငယ်များအား ငွေကြေးထောက်ပံ့ခြင်းအစီအစဉ်(MCCT) အသိပညာပေးဆင့်ပွားသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြို့နယ်ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ဦးစွာ မြို့နယ်အဆင့်ကလေးသူငယ်အခွင့်အရေးများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအားလွန်က အဖွင့်အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ခင်ခင်မြင့်က MCCT ထောက်ပံ့ရခြင်း၏ ရည်ရွယ်ချက်များအားလည်းကောင်း၊ မိုင်းဆတ်ခရိုင်လူမှုဝန်ထမ်းဦးစီးဌာနမှ လူမှုဝန်ထမ်း-၃၊ ဦးစိုင်းဖုန်းက MCCT ငွေကြေးထောက်ပံ့ခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ မြို့နယ်မန်နေဂျာ ဒေါ်အေးအေးညိုက မြန်မာ့စီးပွားရေးဘဏ်မှ လူမှုဝန်ထမ်းဦးစီးဌာနနှင့်ပူးပေါင်း၍ MCCT နှင့် အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား ထောက်ပံ့ငွေထုတ်ပေးမှုနှင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းပြောကြားသည်။
အဆိုပါသင်တန်းသို့ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ပုဂ္ဂလိကမူလတန်းကြိုကျောင်းများမှ ကျောင်းအုပ်ဆရာမများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)