ပင်းတယ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၊ သဘာဝဘေးအန္တရာယ်ဆိုင်စီမံခန့်ခွဲမှုဦးစီးဌာနနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့နံနက် ၉ နာရီခွဲအချိန်က ပင်းတယမြို့၊ ငှက်ပျောတောရပ်ကွက်ရှိ အမှတ်(၃)အခြေခံပညာမူလတန်းကျောင်းတွင် လူငယ်အသိပညာပေးဟောပြောပွဲနှင့် နယ်လှည့်စာကြည့်တိုက်လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဌာန ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ကြူကြူလှိုင်က ကျောင်းသား/ကျောင်းသူများကို မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လေထုညစ်ညမ်းမှုအကြောင်းသိကောင်းစရာ အသိပညာပေးကိုလည်းကောင်း၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ မိုးကြိုးဘေးနှင့် ငလျင်ဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးနှင့် လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေနှင့်သက်ဆိုင်သည့်အကြောင်းအရာ အသိပညာပေးများကို ရှင်းလင်းဆွေးနွေးပြောကြားခဲ့ကြပြီး အသိပညာပေး Video Clips များအား ပြသပေးခဲ့ကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ပင်းတယ)မှ ဝန်ထမ်းများက မူးယစ်ဆေးဝါးနှင့်သက်ဆိုင်သည့် အသိပညာပေးနံရံကပ်စာစောင်တို့ကိုပြသပေးခဲ့ရာ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်တစား လေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
အောင်ကိုဦး(ပြန်/ဆက်)