တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်း အခမ်းအနားကျင်းပပြုလုပ်

တောင်သာ စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လတွင် ကျင်းပပြုလုပ်ခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲတွင် ဂုဏ်ထူးဖြင့် ထူးချွန်စွာအောင်မြင်ခဲ့သော ကျောင်းသား/ ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်ခြင်းအခမ်းအနားကို စက်တင်ဘာလ ၁၁ ရက် နံနက် ၁၀ နာရီက တောင်သာအခြေခံပညာအထက်တန်းကျောင်း၊ နဝရတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် တောင်သာ ..ကကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်း သီချင်းဖြင့်ဖျော်ဖြေဖွင့်လှစ်ခဲ့ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရက အဖွင့်အမှားစကားပြောကြားခဲ့ပြီးနောက် ထူးချွန်စွာအောင်မြင်ခဲ့ကြသည့် ကျောင်းသား/ ကျောင်းသူဆုရရှိသူ (၅ဘာသာ ဂုဏ်ထူးရှင်) ဦး၊( ဘာသာဂုဏ်ထူးရှင်) ဦး၊ ( ဘာသာ ဂုဏ်ထူးရှင်) ၁၁ ဦး၊ ( ဘာသာဂုဏ်ထူးရှင်) ၁၃ ဦး၊( ဘာသာဂုဏ်ထူးရှင်) ၉၆ ဦး၊ စုစုပေါင်းထူးချွန်စွာဂုဏ်ထူးရရှိခဲ့သူ (၁၂၄ဦးအား တက်ရောက်လာကြသော ဌာနဆိုင်အသီးသီးမှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး သက်တန့်ရောင်စဉ်ကိုယ်ပိုင် အထက်တန်းကျောင်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း  .ထ.က မင်းစုကျောင်းမှ ကျောင်းသား/ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဟန်သူရနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ ရပ်မိရပ်ဖများ စုစုပေါင်း၂၂၀ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်မျိုးနိုင်(တောင်သာ)