သွားဘက်ဆိုင်ရာဆေးတက္ကသိုလ်၌ ပညာသင်ဆု ပေးအပ်ပွဲအခမ်းအနားကျင်းပ

ချမ်းမြသာစည် စက်တင်ဘာ ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ၆၂လမ်း၊ ၁၀၄လမ်းနှင့်၁၀၅လမ်းရှိ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၊ ဧည့်ခန်းမ၌ စက်တင်ဘာလ ၁၁ ရက်နေ့ နံနက် ၁၁ နာရီခွဲက  ပညာသင်ဆုပေးအပ်ပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါက်တာသက်သက်ဇင်၊ ဒု-ဥက္ကဋ္ဌ ဒေါက်တာတင်တင်လတ်၊ မန္တ‌လေးတိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ နာယက ဒေါ်မမနှင့် နာယကအဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး၊အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးနှင့် အဖွဲ့ဝင်များ၊ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်မှပါ‌မောက္ခချုပ်၊ ဌာနမှူးများ၊ သွားတု/ဆေးဒေါက်တာမြင့်ရွှေနှင့် အဖွဲ့များ၊ ခရိုင်/မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်တွင် တက်ရောက်ပညာ သင်ကြားနေသော အလုပ်သင် ဆရာဝန်ဒေါ်ငြိမ်းငြိမ်းစံအား မြန်မာနိုင်ငံအမျိုးသမီး‌‌ရေးရာအဖွဲ့ချုပ်မှ ပညာသင်ဆု ငွေကျပ် (၁၆)သိန်းကို ထောက်ပံ့ ပေးအပ်ခဲ့ပြီးနောက် ပါမောက္ခချုပ်မှ  မြန်မာနိုင်ငံ အမျိုးသမီးရေးရာအဖွဲ့ချုပ်သို့ အမှတ်တရလက်‌ဆောင်များ ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။

 ချမ်းမြေ့ (ချမ်း/စည်)